Monday, May 6, 2013

ရှင်မဟာရဋ္ဌသာရ ၏“ ဆုံးမစာ ”

ှရှင်မဟာရဋ္ဌသာရ ၏“ ဆုံးမစာ ” ~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~ အင်းဝ ခေတ် သက္ကရာဇ် ၈၅၀ လောက်က ရှင်မဟာရဋ္ဌသာရ ရေးခဲ့သော “ဂမ္ဘီသာရပျို့မှ ” ကောက်နှုတ်ချက်ဖြစ်၏ ။


(၁ )အစ်ကိုကြီးအားညီငယ်များလည်း စကားနှုတ်ဆက် ဘက်၍မဆို ရိုသေလှစေ ကိုကြီးအစ်မ သည်နှစ်ဝကို မိဘကဲ့သို့မှတ်ပါလေ ။


(၂ )သေသူရှင်ဘက် ဆောင်ရွက်မကင်း အချင်းချင်းတွင် အခင်းကြီးငယ် ရှိခါဝယ်လည်းမဖယ်မသွေ ညီညာကုန်း၍ရုန်း ကြလေ ။


(၃ )တယောက်စကား တယောက်နားမှာ မခါးရအောင် သတိဆောင်၍မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ ။


(၄ )မတွေ့ခိုက်ရန် မကျူးလွန်နှင့် မျက်မာန်ဒေါသ မထွက်ရအောင် မာန်မာနကို ချုပ်ကြလေ ။


( ၅ )သေနှင့်အရက် စီးပွါးဖျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့်အဆိပ်ရေ ။


( ၆ )ကိုယ်နှင့်လည်းစာ သတ္တ၀ါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ ။


(၇ )သူ၏ဥစ္စာ သူ့ဘဏ္ဍာကို ၊ မေတ္တာမရှေး၊ သူမပေးက ဆေးတစ်အိုးမျှမယူကြနှင့် ၊ ရှောင်ကြပါလေ ၊ ကာမေမိစ္ဆာ ။


(၈ )သူ့ကိုမမှား၊ မလှည့်စားနှင့် ၊ စကားစမြည် ၊ မြွတ်သည်စစ ၊ ပြောသမျှကိုမှန်လှစေ ။


(၉ )ဘုရားတရား၊ မြတ်ဖျားသံဃာ ၊ အရိယာကို မကွာနေ့ည ၊ ဟတ္ထအဉ္ဇလီမြှောက်ပင့်ချီသည် ၊ ကိုယ်စီနေ့ည၊ ကိုးကွယ်ကြ ။


(၁၀) သူတော်ကောင်းနှင့်၊ ပေါင်းဖေါ်ရှင်တွဲ ၊လူမိုက်မဲကို ၊ ရှောင်လွှဲပါလေ ဤသူအမြတ် ၊ ဤသူလတ်က ၊ ညစ်ထပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု အဟုတ်အမှန်၊ မသွေလှန်သည် ၊ ဧကန်ဆတ်ဆတ် ၊လူသုံးရပ်ကိုသိတတ်စေ ။


(၁၁) ငြိမ်သက်ဣနြေ္ဒ ၊ တည်ကြည်ထွေဖြင့်၊ သန္ဓေကောင်းမွန် ၊လွန်တော်မှန်လျှက် စိတ်မာန်မနှောင့်၊ နှုတ်လက်စောင့်သည်၊ သူကောင်းသွေးရည်ပီလှစေ ။


(၁၂) ရပ်သူရွာသား ၊သူကောင်းများ၏၊ နားမှာမဆံ့ ၊ မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညစ် ၊ ကိုယ်လက်နွမ်းအောင် ၊ အသွမ်းမကျင့်ကြလေနှင့် ။


(၁၃) အတည်အကျွေး၊ အပေးအကမ်း၊ သေခန်းရှင်ခန်း ၊ လူတို့တမ်းကို အော်အမ်းနိုင်ထွေ ၊လောက၀တ်လည်း၊ သိတတ်စေ ။


(၁၄) သူ၏စီးပွါး၊ ငါ့စီးပွါးကို ၊ ထောက်ထားမိစေ၊ ကြီးလောဘကို ၊ မျှတစေ ။


(၁၅) မမွှေမနှောက် ၊ မကောက်မကျစ် ၊မလိမ်လစ်ဘဲ မစဉ်းလဲနှင့် စိတ်ထဲဖြောင့်စေ ၊ သူ့အကျင့်လည်းသိတတ်စေ ။


(၁၆) ဟုတ်သောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး သူတော်ထုံးကို ၊ စွဲသုံးသောထွေ ၊ မှန်လှစေ ။


(၁၇) ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်၊ လျင်လျှားဆွေးနွေး၊ ဆိုရေးလိမ္မာ ပညာရှိအား၊ ကိုယ်တိုင်သွား၍၊ စကားလိုက်လျှော ၊စစပြော၍ ၊နှီးနှောလေ ။


(၁၈) မှတ်ဖွယ်မှတ်ရာ ၊ထိုထိုစာကို ၊ရှာ၍မပြက် ၊ အိမ်တွင်ဖတ် ။


(၁၉) ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက ၊သားမယားပင် ၊ သိမြင်ကင်းကွာ မလိမ္မာလည်း၊ စာပေစကား ၊နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ ၊ ရှိသည်သာတည့် ။


(၂၀) ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို ၊ မယ်ဘွားမိခင် ၊ ဆုံးမသင်သို့ အကြင်ဆရာ ၊ ထိုသူငါကို ၊လိမ္မာကြောင်း ၊ ကောင်းပါစေလို ၊ဆိုပါသမျှ ၊ သြ၀ါဒကို နားမျှမထောင် ၊ မကြားယောင်သို့ ၊မောင်တို့ပြုက ၊ယခုပစ္စုပ္ပန် ၊ နောင်သံသရာ ဆက်များစွာ၌ ၊ ချမ်းသာမည့်ရေး ၊ အလွန်ဝေးသည် ၊သေဘေးမလွဲ ၊၀ဋ်ဆင်းရဲမှရွှေခဲဘယ်နှယ် ၊ အသွယ်သွယ်ကို ၊လွဲဖယ်ကြံစည် ၊ လွှတ်ပါမည်၊ နားလည်စေကြောင်းသို့ကျင့်ကောင်းစွ ၊ သောင်းပြောင်းနှံ့စပ် ၊ သည်တိုင်းမှတ်ဟု၊ ထေရ်မြတ်ဆရာ ရဋ္ဌသာလျှင် ၊ ပညာရကြောင်း ၊ဥာဏ်နှင့်လောင်း၍၊ရုံးပေါင်းဆင်ခြင် ၊ ဆုံးမသင်သည် ၊ဤတွင်တခန်း ၊ပြီး၏သော် ......


No comments:

Post a Comment